ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့၏
အထင်ကရနေရာများဖြစ်သော Ho Chi Minh Museum, Ho Chi
Minh Mausoleum, House on Stilts, President
Palace, One-pillar pagoda နှင့် Ba Dinh Square
များသို့ သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး Temple
of Literature နှင့် Hanoi Cathedral(1887) သို့
သွားရောက် လေ့လာပါမည်။ ညနေခင်းအချိန်တွင်
ဟိုချီမင်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။
ညစာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့ရှိ
ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့
(ဟိုချီမင်း-ကူချီ)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်မည်ဖြစ်ပြီး ဗီယက်နမ်လွတ်လပ်ရေး
တိုက်ပွဲတွင် အမေရိကန်တို့အား
ပုန်းခို၍တိုက်ခိုက်ရန် တူးဖော်ခဲ့သော
မြေအောက်ကီလိုမီတာ၂၀၀ ခန့်ရှည်လျားလှသည့်
လှိုင်ခေါင်းများရှိရာ ကူချီဥမင်လှိုင်ခေါင်းများ
သို့ သွားရောက်လေ့လာပါမည်။ နေ့လည်စာကို Local
Restaurant တွင်သုံးဆောင်ပြီးနောက် Giac Lam
Pagoda, The Reunification Palace(the former
Presidential Palace), the Central Post
Office,China Town, Notre Dame Cathedral
စသောနေရာများသို့ သွားရောက်လည်ပတ် မည်ဖြစ်ပါသည်။
ညစာကို ဟိုချီမင်းမြို့၏ ကောင်းမွန်သော
စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ညအခါတွင်
ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။