ပျော်ရွှင်ဖွယ်ရာ ဘန်ကောက်ခရီးစဉ်
ရန်ကုန်-ဘန်ကောက်-ဖူးခက်
(၄ညအိပ် ၊ ၅ရက်) ခရီးစဉ်
ပထမနေ့
(ရန်ကုန-ဘန်ကောက်)
ရန်ကုန်မှဘန်ကောက်အဲယားဝေးဖြင့်
နံနက်၁၀း၅၅မိနစ်တွင် စတင်ထွက်ခွာ
ပါမည်။ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ နေ့လည်
၁၂း၅၀တွင် ဆိုက်ရောက် ပါမည်။ ထို့နောက် ဟိုတယ်သို့
သွားရောက်၍ ခေတ္တအနားယူပြီးနောက် နေ့လည်စာ
သွားရောက် သုံးဆောင်ပါမည်။
နေ့လည်စာသုံးဆောင်ပြီးလျှင် Siam Ocean World with
Thiland first 4D Theater
သို့သွားရောက်လည်ပတ်ပါမည်။ညစာသုံးဆောင်ပြီးနောက်ဟိုတယ်သို့
ပြန်လည်အိပ်စက် အနား ယူပါမည်။
ဒုတိယနေ့
(ဘန်ကောက်)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Grand Palace
သို့သွားရောက်လည် ပတ် ပြီးနောက် နေ့လည်စာသုံးဆောင်
ပါမည်။ ထို့နောက် Central World, MBK,Siam
Paragon,Big-C တို့တွင် စိတ်တိုင်းကျ
ဈေးဝယ်ထွက်နိုင်ပါမည်။ Chao Phraya မြစ်ပေါ်တွင်
ဘုတ်စီးရင်း ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့
ပြန်လည်အိပ်စက် အနားယူပါမည်။
တတိယနေ့ (ဘန်ကောက်-ဖူးခက်)
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Wat Po
နှင့် Wat Trimit Temples များသို့
သွားရောက်ဖူးမြှော်ပြီး နောက်
နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက်
ဖူးခက်သို့ဆက်လက်ထွက်ခွာမည်ပါမည်။ ဟိုတယ်တွင်
Check In ၀င်ရောက်ပြီးနောက် အပန်းဖြေအနားယူပါမည်။
ညစာ သုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့ (ဖူးခက်)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
သီးသန့်ဘုတ်စီစဉ်ပြီး Phi Phi Island နှင့်
အနီးတစ်ဝိုက်ကျွန်းများသို့ သွားရောက်လည်ပတ်ပါမည်။
နေ့လည်စာကို Phi Phi Island တွင် သုံးဆောင်ပါမည်။
ညနေတွင် ဖူးခက်သို့ ပြန်လည်၍ ညစာသုံးဆောင်ပြီး
အိပ်စက်အနားယူပါမည်။
ပဉ္စမနေ့ (ဖူးခက်-ရန်ကုန်)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် အေးချမ်းစွာအနားယူပြီး
ဖူးခက်မှ ရန်ကုန်သို့ ဘန်ကောက်မှတဆင့်
ပြန်လည် ထွက်ခွာမည် ဖြစ်ပါသည်။
ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ
-
ဟိုတယ်တည်းခိုစရိတ် (နှစ်ယောက်ခန်း)
-
ခရီးစဉ်စ/ဆုံး
အဲယားကွန်းအပြည့်လေအိတ်ကားကြီးများ
-
ခရီးစဉ်တွင်ပါဝင်သောနေ့လည်စာနှင့်ညစာ
-
ခရီးစဉ်စ/ဆုံး ၀န်ဆောင်မှုပေးရန် မြန်မာဂိုက်တစ်ယောက်
-
ဖူးခက်မှ Phi Phi Island သို့ဘုတ်စီစဉ်ပေးခြင်း
-
နေ့စဉ် ရေသန့် ၂ဗူး နှင့် စနိုးတာဝါ
-
ရန်ကုန်-ဘန်ကောက်-ဖူးခက်-ရန်ကုန်
အသွားအပြန်လေယာဉ်လက်မှတ်
ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ
-
လေဆိပ်ခွန်
-
ခရီးစဉ်အာမခံကြေး
-
ခရီးစဉ်တွင်Tip money ပေးခြင်း
-
မိမိကိုယ်ပိုင်သုံးစွဲငွေ
-
ခရီးစဉ်တွင်မပါဝင်သောနေရာများအတွက်ကုန်ကျငွေ
-
ခရီးစဉ်တွင် မပါဝင်သော အစားအသာက်စရိတ်များ
(ဥပမာ-အချိုရည် နှင့်
အခြားစိတ်ကြိုက်အစားအစာများ)
လူကြီးမင်းတို့အနေဖြင့် ဗဟုသုတစုံလင်စွာဖြင့်
ပျော်ရွှင်ဖွယ်ရာအတိပြီးသော ခရီးစဉ်ဖြစ်ပါစေကြောင်း
MTS မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
 |