ဗဟုသုတစုံလင် ပျော်ရွှင်ဖွယ်ရာ ကိုရီးယားခရီးစဉ်
(ရန်ကုန်-ဆိုးလ်-နာမိကျွန်း-ဂျေဂျူး-ဘူဆန်း)
(၇ညအိပ်/၈ရက်)
ပထမနေ့(ရန်ကုန်-ဟနွိုင်း-ဆိုးလ်)
ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံသို့
သွားရောက်လည်ပတ်ရန် ပထမဦးစွာ ဟနွိုင်းမြို့သို့
စတင်ပါမည်။ ည(၀၉း၃၀)နာရီတွင်
ဟနွိုင်းမြို့သို့ရောက်ရှိပါမည်။ ညစာကို
လေယာဉ်ပေါ်တွင် သုံးဆောင်မည်ဖြစ်ပြီး ည(၁၁း၅၀)
နာရီတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့
ဆက်လက်ထွက်ခွာပါမည်။
ဒုတိယနေ့(ဆိုးလ်-နာမိကျွန်း)
နံနက်(၀၆း၄၀)နာရီတွင်
ဆိုးလ်မြို့အင်ချွန်းလေဆိပ်သို့ ဆိုက်ရောက်မည်
ဖြစ်ပါသည်။ ပထမဦးစွာ ၁၃၉၄ ခုနှစ်တွင်
စတင်တည်ထောင်သည့် ပျော်ရွှင်ဖွယ်ရာအတိပြီးသော
နန်းတော်ဟုကျော်ကြားသော ဂျီယွန်းဘော့ နန်းတော်
သို့ သွားရောက်လည်ပတ်ပြီး
ကိုရီးယားသမ္မတအိမ်တော်ရှေ့တွင် အမှတ်တရဓာတ်ပုံများ
ရိုက်ယူပါမည်။ ထို့နောက်တွင်
ကိုရီးယားလူမျိုးတို့၏ ဘ၀နေထိုင်မှုပုံစံများကို
စိတ်ဝင်စားဖွယ်ရာပြသထားသည့် အမျိုးသားရေးရာ
ပြတိုက်တွင် လေ့လာမည်ဖြစ်ပြီး
နေ့လည်ခင်းအချိန်တွင် ကိုရီးယားဒရမ်မာ
ဇာတ်ကားများရိုက်ကူးရာ
နာမိကျွန်းသို့ပို့ဆောင်ပေးပါမည်။ ညအခါတွင်
ဗီဗယ်ဒီ ပန်းခြံ ရီဆော့တွင် အိပ်စက်အနားယူပါမည်။
တတိယနေ့(ဆိုးလ်)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာကာ
ဆိုးလ်မြို့၏အမြင့်ဆုံး Tower တစ်ခုဖြစ်သော
နမ်ဆမ်တာဝါသို့ လိုက်ပါ ပို့ဆောင်ပါမည်။ ထို့နောက်
ကိုရီးယားဂျင်ဆင်းဆေးမြစ်များ ၀ယ်ယူနိုင်ရန်
Ginseng Center သို့ သွားရောက်ပါမည်။
နေ့လည်ခင်းအချိန်တွင် ကိုရီးယားရဲ့နာမည်ကျော်
ကစားကွင်းဖြစ်သော “အချစ်လှေကားထစ်ကလေးများ”
ရိုက်ကူးရာ Lotte World သို့ သွားရောက်ပါမည်။
ညနေခင်းအချိန်တွင် ဧည့်သည်များ
စိတ်ကြိုက်ဈေးဝယ်နိုင်ရန် ကိုရီးယားရဲ့
ဖက်ရှင်ဧရိယာဖြစ်သော ဒန်ဒဲ့မန်ဈေးသို့
သွားရောက်ပါမည်။ ညအခါတွင် ဟိုတယ်သို့
ပြန်လည်အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့(ဆိုးလ်-ဂျေဂျူး)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားနိုင်ငံ၏
ထင်ရှားလှသော ဂျေဂျူးကျွန်းသို့ သွားရောက်ပါမည်။
ထူးခြား လှပသော ဂျေဂျူးကျွန်းသို့
ဆိုက်ရောက်ပြီးနောက် ဂျေဂျူးမြို့တွင်း
စတင်လည်ပတ်ပါမည်။ နဂါးခေါင်းပုံစံကျောက်တုံး၊
ဂျေဂျူး သဘာဝသမိုင်းပြတိုက် နှင့်
ဝိညာဉ်လမ်းသွယ်တို့အား သွားရောက်လေ့လာပါမည်။
ညအခါတွင် ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။
ပဉ္စမနေ့
(ဂျေဂျူးကျွန်း)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
ဂျေဂျူးကျွန်း၏နေထွက်ချိန်ကို ရှူစားရန်အတွက်
စီယွန်းစမ်းတောင်ပေါ်သို့ တက်ရောက်မည်ဖြစ်ပါသည်။
ထို့နောက် “နန်းတွင်းရတနာ” ဇာတ်ကားရိုက်ကူးရာ
စီယွန်းဂပ်ကျေးရွာသို့ သွားရောက်လေ့လာပြီး
နတ်သမီးရေတံခွန် ဟုတင်စားခေါ်ဝေါ်သော
ချွန်းဂျိယွန်းရေတံခွန်သို့ သွားရောက်ပါမည်။
နေ့လည်ခင်းအချိန်တွင် ကမ္ဘာကျော်ဝက်ဝံပြတိုက်သို့
သွားရောက်လည်ပတ်ပါမည်။ ညအခါတွင် ဂျေဂျူးကျွန်းရှိ
ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။
ဆဌမနေ့
(ဂျေဂျူးကျွန်း-ဘူဆန်း)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
တောင်ကိုရီးယား၏ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သော
ဘူဆန်းမြို့သို့ သွားရောက်ပါမည်။ ပထမဦးစွာ
ဘူဆန်းမျှော်စင်ရှိရာ ယောင်ဒူဆန်ပန်းခြံသို့
သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Haeundae Beach,
APEC House and Gwangan Bridge တို့ကို
သွားရောက်လေ့လာပါမည်။
သတ္တမနေ့
(ဘူဆန်း)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရောက် လေ့လာ
ကြတသည့် ဘူဆန်းမြို့၏ နာမည်ကျော်
ဂျာဂဲချီငါးဈေးသို့ သွားရောက်လေ့လာပါမည်။
ထို့နောက် ဧည့်သည်များ စိတ်ကြိုက်ဈေးဝယ်နိုင်ရန်
ဘူဆန်းမြို့၏ နာမည်ကျော်နောက်တစ်နေရာဖြစ်သော
International Market သို့ လိုက်ပါပို့ဆောင်ပါမည်။
ညအခါတွင် ဟိုတယ်တွင် ညအိပ်တည်းခိုပါမည်။
အဌမနေ့(ဘူဆန်း-ဟနွိုင်း-ရန်ကုန်)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်
ဗီယက်နမ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့
ပြန်လည်ထွက်ခွာရန် ဘူဆန်မြို့ရှိ Gimhae
အပြည်ပြည်ဆိုင်ရာလေဆိပ် သို့သွားရောက်ပါမည်။
ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ
-
ကိုရီးယား အသွားအပြန် လေယာဉ်လက်မှတ်
-
ဗီဇာကြေး နှင့် D-Form လျှောက်ပေးခြင်း
-
ဆိုးလ်-ဂျေဂျူး-ဘူဆန်း လေယာဉ်လက်မှတ်
-
ခရီးစဉ်အစအဆုံး ကြယ်လေးပွင့်အဆင့်ရှိ
ဟိုတယ်စီစဉ်ပေးခြင်း (နှစ်ယောက်ခန်း)
-
ဟိုတယ်တွင် နံနက်စာသုံးဆောင်မှု၊ နေ့လည်စာနှင့် ညစာ
-
ခရီးစဉ်အတွင်းလိုက်လံပို့ဆောင်ရန်
အဲယားကွန်းကားကြီး
-
ခရီးစဉ်အစအဆုံး အနီးကပ်ဝန်ဆောင်မှုပေးရန်
မြန်မာ Tour Leader နှင့်
အင်္ဂလိပ်ဂိုက်တစ်ယောက်
-
လေဆိပ်ခွန်များ
ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ
-
ခရီးစဉ်တွင် Tip Money ပေးခြင်း
-
ကိုယ်ရေးကိုယ်တာ အသုံးစရိတ်
-
Travel Insure စီစဉ်ပေးခြင်း
-
အခြား မိမိစိတ်ကြိုက်စားသုံးမှု၊ ၀ယ်ယူမှုများ
-
ခရီးစဉ်တွင် မပါဝင်သော နေရာများသို့
သွားရောက်လည်ပတ်ခြင်း
လူကြီးမင်းတို့အနေဖြင့် ဗဟုသုတစုံလင်စွာဖြင့်
ပျော်ရွှင်ဖွယ်ရာအတိပြီးသော ခရီးစဉ်ဖြစ်ပါစေကြောင်း
MTS မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
 |