ဆန်းသစ်ပျော်ရွှင်ဂျပန်ခရီးစဉ်
ရန်ကုန်-တိုကျို-ကျိုတို-နာရ-အိုဆာကာ-ရန်ကုန်
(၆ညအိပ်/၇ရက်)
ပထမနေ့ (ရန်ကုန်-ဟိုချီမင်း-တိုကျို)
ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့
ဗီယက်နမ်လေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပါမည်။
ဗီယက်နမ်နိုင်ငံမှတဆင့် တိုကျိုမြို့ရှိ
နာရီတာလေဆိပ်သို့ ဆက်လက်ထွက်ခွာ ပါမည်။
ဒုတိယနေ့ (တိုကျို)
နာရီတာလေဆိပ်သို့နံနက်ခင်းတွင်
ရောက်ရှိမည်ဖြစ်ပြီး
တိုကျိုမြို့တွင်းလည်ပတ်မှုကိုစတင်ပါမည်။ ပထမဦးစွာ
Imperial Palace Plaza သို့ သွားရောက်လည်ပတ်ပါမည်။
ထို့နောက် တိုကျိုမြို့၏
အလှပဆုံးရှုခင်းများကိုခံစားနိုင်ရန်အတွက် Tokyo
Tower သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက်
တိုကျိုမြို့ရှိ နာမည်ကျော်
လျှပ်စစ်ပစ္စည်း ဈေးဖြစ်သော Akihabara electronic
shopping area သို့
သွားရောက်လှည့်လည်ကြည့်ရှုပါမည်။ ထို့နောက်
ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနေရာများတွင်
တစ်ခုအပါ အ၀င်ဖြစ်သော Tokyo Disney Land
တွင်လည်ပတ်ပါမည်။ ညအခါတွင်
ဟိုတယ်သို့ပြန်လည်အိပ်စက်အနားယူပါမည်။
တတိယနေ့(တိုကျို-ဖူဂျီတောင်-ဟကိုးနဲ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်
ဂျပန်နိုင်ငံ၏ အလှပဆုံး နေရာဖြစ်သော
ဖူဂျီတောင်သို့ သွားရောက်ပါမည်။ ထို့နောက်
ညနေခင်းအချိန်တွင် Hakone area တွင်
လှည့်လည်ကြည့်ရှုပြီး
ဟိုတယ်သို့ပြန်လည်အိပ်စက်အနားယူပါမည်။
စတုတ္ထနေ့ (ဟကိုးနဲ-ကျိုတို)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်
ကျည်ဆံရထားဖြင့် ဂျပန်နိုင်ငံ၏
ရှေးဟောင်းမြို့တော် ကျိုတိုမြို့သို့
သွားရောက်ပါမည်။ ကျိုတိုရှိ
ရွှေကျောင်းဟု တင်စားခေါ်ဝေါ်သော နာမည်ကျော်
နာမည်ကျော် Kinkakuji Temple, Ryoanji Temple
တို့ကိုသွားရောက်လည်ပတ်ပါမည်။ Shijokawaramachi
တွင် ဈေးဝယ်ပါမည်။ ညနေပိုင်းတွင်
ကျိုတိုမြို့တွင်းလှည့်လည်ကြည့်ရှူပြီးနောက်
ဟိုတယ်သို့ပြန်လည်အိပ်စက်အနားယူပါမည်။
ပဉ္စမနေ့ (ကျိုတို-နာရ-အိုဆာကာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကျိုတို မှ
နာရ သို့ ပို့ဆောင်ပေးပြီး နာရရှိ နာမည်ကျော်
Temples များသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်
ညနေခင်း အချိန်တွင် နာရမှ အိုဆာကာမြို့သို့
ဆက်လက်ထွက်ခွာပါမည်။
ဆဌမနေ့ (အိုဆာကာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ပထမဦးစွာ
Osaka Castle, River Cruise Aqua Liner, Umeda Sky
Observatory တို့ကိုသွားရောက်လည်ပတ်ပါမည်။
နေ့လည်ခင်းအချိန်တွင် Shinsaibashi တွင်
ဈေးဝယ်ထွက်ပါမည်။ ညနေခင်းအချိန်တွင် အိုဆာကာ
မြို့တွင်းတွင် လှည့်လည်ကြည့်ရှုပြီး ညအခါတွင်
ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။
သတ္တမနေ့ (အိုဆာကာ-ရန်ကုန်)
နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက်
အိုဆာကာမြို့မှ ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရန်
အိုဆာကာလေဆိပ်သို့ သွားရောက်ပါမည်။
ခရီးစဉ်တွင် ပါဝင်သော ၀န်ဆောင်မှုများ
-
ဂျပန် အသွားအပြန် လေယာဉ်လက်မှတ်
-
ဗီဇာကြေး နှင့် D-Form လျှောက်ပေးခြင်း
-
ခရီးစဉ်တစ်လျှောက်ကျည်ဆန်ရထားလက်မှတ်
-
ခရီးစဉ်အစအဆုံး ကြယ်လေးပွင့်အဆင့်ရှိ
ဟိုတယ်စီစဉ်ပေးခြင်း (နှစ်ယောက်ခန်း)
-
ဟိုတယ်တွင် နံနက်စာသုံးဆောင်မှု၊ နေ့လည်စာနှင့် ညစာ
-
ခရီးစဉ်အတွင်းလိုက်လံပို့ဆောင်ရန်
အဲယားကွန်းကားကြီး
-
ခရီးစဉ်အစအဆုံး အနီးကပ်ဝန်ဆောင်မှုပေးရန် မြန်မာ
Tour Leader နှင့် အင်္ဂလိပ်ဂိုက်တစ်ယောက်
-
လေဆိပ်ခွန်များ
ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ
-
ခရီးစဉ်တွင် Tip Money ပေးခြင်း
-
ကိုယ်ရေးကိုယ်တာ အသုံးစရိတ်
-
Travel Insure စီစဉ်ပေးခြင်း
-
အခြား မိမိစိတ်ကြိုက်စားသုံးမှု၊ ၀ယ်ယူမှုများ
-
ခရီးစဉ်တွင် မပါဝင်သော နေရာများသို့
သွားရောက်လည်ပတ်ခြင်း
လူကြီးမင်းတို့အနေဖြင့် ဗဟုသုတစုံလင်စွာဖြင့်
ပျော်ရွှင်ဖွယ်ရာအတိပြီးသော ခရီးစဉ်ဖြစ်ပါစေကြောင်း
MTS မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
 |